ရိုးရိုးသားသား စီးပွားရှာရင်း ကိုယ့် Brand ကိုယ်သုံးတာတောင် တရားစွဲခံနေရပြီလား?
စီးပွားရေးလုပ်ငန်းရှင်များ သိထားရမည့် ဥပဒေအပြောင်းအလဲ
“ကိုယ်က အရင်စသုံးခဲ့တာ၊ စျေးကွက်ထဲ စောစောကတည်းက ရှိနေတာပဲ” ဆိုတဲ့ အတွေးဟာ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ (၂၀၁၉) အောက်မှာ အကာအကွယ် မပေးနိုင်တော့ပါဘူး။
မြန်မာနိုင်ငံဟာ “First-to-Use” (အရင်စသုံးသူ) စနစ်ကနေ “First-to-File” (ဦးစွာမှတ်ပုံတင်သူ) စနစ်ကို တရားဝင် ပြောင်းလဲလိုက်ပါပြီ။ ဒါဟာ ရိုးသားမှု၊ ကြိုးစားအားထုတ်မှုကအဓိက မကျတော့ပဲ ဥပဒေကြောင်းအရ မှတ်ပုံတင်ထားမှုကို အဓိကထား စဉ်းစားတဲ့ စနစ်ဖြစ်ပါတယ်။
အခြေအနေ (၃) ခုမှာ သင်ဒုက္ခရောက်နိုင်ပါတယ်
မှတ်ပုံမတင်ရသေးခြင်း
- သင့်ရဲ့ Brand ကို Facebook, Instagram နဲ့ Tiktok တို့လို social media တွေမှာ တွင်ကျယ်စွာ အသုံးပြုနေပြီး ဆိုင်တွေမှာ ဆိုင်းဘုတ်အနေနဲ့ နှစ်ပေါင်းများစွာ သုံးခဲ့ပေမယ့် မူပိုင်ခွင့် ဦးစီးဌာန (IPD) မှာ တရားဝင် မှတ်ပုံတင်မထားပါက၊ သင့် Brand နဲ့ ဆင်တူတဲ့ နာမည်/ Logo ကို အခြားသူတစ်ဦးက သင့်ထက်အရင် မှတ်ပုံတင်စာရင်း သွင်းလိုက်နိုင်ပါတယ်။
- ထိုသူသည် ဥပဒေအရ အကာအကွယ်ရရှိသွားပြီး သင့်အား Brand အသုံးပြုခွင့် ရပ်စဲရန် သို့မဟုတ် နစ်နာကြေးပေးရန် တရားစွဲဆိုလာနိုင်ပါတယ်။ (ရိုးရိုးသားသား စသုံးခဲ့သူကပင် ပြန်လည်တရားစွဲဆိုခံရခြင်းခံရနိုင်ပါတယ်)
ပြည်ပမှ မှတ်ပုံတင်ပြီးသား နာမည်ကို သုံးမိခြင်း
- အကယ်၍ သင်သည် နိုင်ငံတကာတွင် လူသိများပြီးသား Brand နာမည်နှင့် ပုံစံတူကို ပြည်တွင်း၌ အသုံးပြုမိခြင်း သို့မဟုတ် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ပြုလုပ်ထားသည့် နိုင်ငံတကာ Brand တခုအား မိမိ ကုန်ပစ္စည်း/ဝန်ဆောင်မှုများပေါ်တွင် သုံးစွဲခြင်းတို့ ပြုလုပ်မိပါက တရားစွဲဆိုခြင်း ခံရနိုင်ပါတယ်။
တရားမဝင် နာမည်/ Logo အတုအယောင် သုံးစွဲနေခြင်း
- အမှတ်တံဆိပ် ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးပိုင် Brand ကို ကုန်ပစ္စည်း/ဝန်ဆောင်မှုများပေါ်တွင် ကူးယူခြင်း၊ အတုယူခြင်း ပြုပါက တရားစွဲဆိုခံရပြီး ပြစ်မှု၊ တရားမ မှုများ စွဲဆိုခံရနိုင်ပါတယ်။
သင့်လုပ်ငန်းကို ကာကွယ်ရန် တစ်ခုတည်းသော နည်းလမ်း
သင့်ရဲ့ စီးပွားရေးအနာဂတ်ကို လုံခြုံစေဖို့အတွက် အချိန်ဆွဲမနေဘဲ…
သင့်ရဲ့ ကုန်အမှတ်တံဆိပ် (Trademark) ကို မူပိုင်ခွင့် ဦးစီးဌာန (IPD) တွင် အမြန်ဆုံး တရားဝင် မှတ်ပုံတင် (Register) ပြုလုပ်ပြီး Filling Date ဦးစွာယူလိုက်ပါ။
မှတ်ပုံတင်ခြင်းအားဖြင့် သင့် Brand ကို နိုင်ငံတော်က အသိအမှတ်ပြုကာ တသက်တာကာလပတ်လုံး ဥပဒေအရ အပြည့်အဝ အကာအကွယ် ပေးမှာဖြစ်ပြီး၊ သင့်ရဲ့ စီးပွားရေးလုပ်ငန်းတန်ဖိုး (Brand Value) ကိုပါ မြင့်တက်စေပါတယ်။