Primeip

ကိုယ်ဖန်တီးထားတဲ့ လက်ရာက ကိုယ့်အမည်၊ ကိုယ့်အခွင့်အရေးတွေနဲ့အတူ ဥပဒေအရ အကာအကွယ်ရရှိပြီလား?

စာပေ၊ အနုပညာလက်ရာတစ်ခုကို ဖန်တီးလိုက်တဲ့အချိန်ကစပြီး စာပေနှင့် အနုပညာမူပိုင်ခွင့် (Copyright) အခွင့်အရေးဟာ ဥပဒေအရ အလိုအလျောက်ရရှိပြီးသား ဖြစ်ပါတယ်။

ဒါပေမယ့်—

“အခွင့်အရေးရှိတာ” နဲ့

“အခွင့်အရေးကို ဥပဒေအရ အခိုင်အမာအကာအကွယ်ရရှိခံစားနိုင်တာက” ကွဲပြားမှုရှိပါတယ်။

• ကိုယ်ဖန်တီးထားတဲ့ လက်ရာကို ကိုယ့်ခွင့်ပြုချက်မရှိဘဲ အသုံးမပြုစေချင်ဘူး

• Copy လုပ်ခံရတဲ့အခါ ဥပဒေအရ ခိုင်မာစွာ တားဆီးနိုင်ချင်တယ်

• အငြင်းပွားမှု ဖြစ်လာရင် သက်သေခံအထောက်အထားနဲ့ တကွတိတိကျကျ အနိုင်လိုချင်တယ် ဆိုရင်တော့—

Copyright Registration ပြုလုပ်ထားဖို့က အလွန်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။

Copyright Registration ပြုလုပ်ထားခြင်းရဲ့ အဓိက အားသာချက်များ

  • မူပိုင်ခွင့်ပိုင်ရှင်ဖြစ်ကြောင်း ဥပဒေအရ သက်သေခိုင်မာမှုရှိခြင်း၊
  • ချိုးဖောက်သူများအတွက် အဟန့်အတား၊ အတားအဆီးတခုအဖြစ် ရှိနေခြင်း၊
  • အငြင်းပွားမှု ဖြစ်ပေါ်လာပါက တရားရုံး၊ အစိုးရဌာနများရှေ့တွင် အလွယ်တကူ သက်သေပြနိုင်ခြင်း၊
  • လက်ရာကို စီးပွားရေးအခွင့်အလမ်းအဖြစ် အသုံးချရာတွင် ယုံကြည်စိတ်ချရမှု အခြေအနေ မြင့်မားစေခြင်း၊

⏳ Copyright Registration ကြာချိန်

  • အနည်းဆုံး (၂) လ မှ (၄) လ အထိ
  • လက်ရာအမျိုးအစား၊ စာရွက်စာတမ်းပြည့်စုံမှုအပေါ် မူတည်ပါတယ်

📑 Copyright Registration အတွက် လိုအပ်သော စာရွက်စာတမ်းများ

  • လျှောက်ထားသူ၏ အချက်အလက်များ
  • မူလလက်ရာရှင်၏ အချက်အလက်များ
  • ကိုယ်တိုင်ဖန်တီးထားကြောင်း ဝန်ခံချက်
  • လက်ရာဖော်ပြချက် အကျဉ်းချုပ်
  • လက်ရာ (Soft Copy / Hard Copy)

လျှောက်ထားသူသည် မူလလက်ရာရှင် မဟုတ်ပါက

➡️ အခွင့်အရေးလွှဲပြောင်းပေးသည့် Assignment Agreement

👉 PRIME IP မှ

စာရွက်စာတမ်းပြင်ဆင်ခြင်းမှ IPD သို့ တင်သွင်းခြင်းအထိ အဆင့်တိုင်းကို စနစ်တကျ စီမံဆောင်ရွက်ပေးနေပြီး စိတ်ချ ယုံကြည်စွာ အပ်နှံသူတိုင်းကို One Stop IP Solutions အဖြစ် ရပ်တည်ပေးလျက်ရှိပါတယ်။

IPD (မူပိုင်ခွင့်ဦးစီးဌာန) ရုံးသွင်းကြေး

မူပိုင်ခွင့် (၄) မျိုးအနက် စာပေနှင့် အနုပညာမူပိုင်ခွင့် (Copyright) သည်

ရုံးသွင်းကြေး အနည်းဆုံး ဖြစ်ပါတယ်

Application တစ်စောင်လျှင် – ၁၀၀,၀၀၀ ကျပ်

Application တစ်စောင်ဖြင့် တင်သွင်းနိုင်သော လက်ရာအရေအတွက်

🎵 တေးဂီတ – ၁၂ ပုဒ်

✍️ ကဗျာ – ၁၀ ပုဒ်

🎨 တစ်ကွက်ကာတွန်း – ၁၀ ပုဒ်

📚 ကာတွန်းဇာတ်လမ်းတို – ၅ ပုဒ်

📖 ဝတ္တုတို – ၅ ပုဒ်

📰 ဆောင်းပါး – ၅ ပုဒ်

📸 ဓာတ်ပုံ – ၅ ပုံ

🖌️ အသုံးချအနုပညာလက်ရာ – ၅ ခုအထိ

👉 ကျန်လက်ရာများ အတွက် လက်ရာတစ်ခု ကို ၁ သိန်းကျပ်ဖြစ်ပါသည်။

Copyright Registration သာမက Copyright-Related Contracts များကိုပါ PRIME IP မှ ဆောင်ရွက်ပေးပါတယ်

• Assignment Agreement

• Licensing Agreement

• Collaboration / Commission Agreements

• Artist / Designer / Content Creator Contracts

အခွင့်အရေးများခွဲဝေခြင်းအတွက် စာချုပ်များက အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး တစ်ဦးနှင့် တစ်ဦး အငြင်းမပွားအောင် မျက်နှာမပျက်ရအောင် စာချုပ်ထဲတွင် သေချာထည့်သွင်းချုပ်ဆို ကာကွယ်ဖို့လိုအပ်ပါတယ်။

Your Creation is Our Protection