Primeip

The Yangon Children’s Book Fair

မေလ ၂ ရက်နေ့တွင် Gallery Ohmar မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “Yangon Children’s Book Fair” ဟာဆိုရင် Creaters တွေရဲ့ တက်ကြွတဲ့အင်အား၊ မြန်မာ့ရုပ်ပြနဲ့ကလေးစာပေလောကရဲ့ တောက်ပတဲ့အလားအလာတွေနဲ့အတူ အောင်မြင်စွာ ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။

ဒီပွဲမှာ PRIME IP & Legal Solutions က “Copyright for Comic and Children’s Books” ဆိုတဲ့ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာဆိုရင် စာရေးဆရာတွေ၊ သရုပ်ဖော်ပုံဆွဲသူတွေနဲ့ ထုတ်ဝေသူတွေအနေနဲ့ မိမိတို့ရဲ့ ဖန်တီးမှုအနုပညာတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ စာပေနှင့် အနုပညာမူပိုင်ခွင့်အတွက် မရှိမဖြစ်လိုအပ်တဲ့ အသိပညာတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

သရုပ်ဖော်ပုံတိုင်းနဲ့ ပုံပြင်တိုင်းရဲ့ နောက်ကွယ်က ကြိုးစားအားထုတ်မှုတွေကို အကာအကွယ်ပေးခြင်းဟာ အနုပညာနဲ့ စာပေလောက ရေရှည်တည်တံ့ဖို့အတွက် အလွန်ပင်အရေးကြီးလှပါတယ်။

ဆွေးနွေးပွဲအတွင်းမှာ အောက်ပါအချက်တွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ် –

• ဇာတ်ကောင်များ၊ ဇာတ်လမ်းဇာတ်ကွက်များ၊ သရုပ်ဖော်ပုံများ၊ စာအုပ်ဒီဇိုင်းအပြင်အဆင်နှင့် ခေါင်းစဉ်များကို မည်သို့ကာကွယ်သင့်သည့်အချက်များ။

• တရားမျှတစွာ အသုံးပြုခြင်း (Fair use) နှင့် မူပိုင်ခွင့် ချိုးဖောက်ခြင်းများ။

• စာအုပ်ထုတ်ဝေခြင်း သို့မဟုတ် လုပ်ပိုင်ခွင့်လိုင်စင်စာချုပ်များ ချုပ်ဆိုရာတွင် သတိပြုရမည့် ဥပဒေရေးရာအချက်အလက်များ။

တက်ရောက်လာသူတွေရဲ့ စိတ်အားထက်သန်စွာ မေးမြန်းဆွေးနွေးမှုတွေက မြန်မာ့ဖန်တီးမှုလောကသားတွေအနေနဲ့ မူပိုင်ခွင့် (Intellectual Property Rights) ကို ဘယ်လောက်အထိ တန်ဖိုးထား လေးစားလိုက်နာလိုကြတယ်ဆိုတာကို ပြသနေပါတယ်။ ဒီလိုအသိပညာတွေ တိုးပွားလာခြင်းဟာ ဖန်တီးမှုစိတ်ကူးစိတ်သန်းတွေ လုံခြုံစိတ်ချစွာ ရှင်သန်နိုင်မယ့် ခိုင်မာတဲ့ အနုပညာဂေဟစနစ်တစ်ခု တည်ဆောက်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ကျွန်ုပ်တို့ Prime IP & Legal Solutions အဖွဲ့သားများက ယုံကြည်ပါတယ်။

Prime IP အနေနဲ့ Creaters တွေနဲ့အတူ အမြဲရှိနေမှာဖြစ်ပြီး သင်တို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ကာကွယ်ပေးဖို့၊ အခွင့်အရေးတွေကို အာမခံချက်ရှိစေဖို့နဲ့ ဖန်တီးမှုလုပ်ငန်းတွေ ယုံကြည်မှုအပြည့်နဲ့ ရေရှည်တိုးတက်လာစေဖို့ အပြည့်အဝ ကူညီဆောင်ရွက်ပေးသွားမှာပါ။

The Yangon Children’s Book Fair held on May 2nd at Gallery Ohmar concluded with immense success, filled with the vibrant energy of creators and the bright potential of Myanmar’s comic and children’s literature industry.

One of the highlights of the fair was the insightful workshop on “Copyright for Comic and Children’s Books,” hosted by PRIME IP & Legal Solutions. The session focused on empowering authors, illustrators, and publishers with the essential knowledge needed to secure and protect their creative assets.

Protecting the hard work and dedication behind every illustration and story is vital for the long-term sustainability of the arts and literary community. During the workshop, we explored key topics including:

• How to protect characters, story and plots, illustration and layout and title so on.

• Fair use and copyright infringement.

• Key legal considerations when signing publishing or licensing contracts.

The engaging Q&A session reflected the deep enthusiasm of Myanmar’s creative community to understand and respect intellectual property rights. We believe that fostering this awareness is a crucial step toward building a robust creative ecosystem where ideas can flourish securely.

At Prime IP, we are fully committed to walking alongside creators helping you safeguard your ideas, secure your rights, and grow your creative ventures with confidence and sustainability.

Let’s protect the imagination of today for the leaders of tomorrow.

Prime IP & Legal Solutions