Primeip

Brand Name တူသော်လည်း လုပ်ငန်းအမျိုးအစား (Class) မတူလျှင် သုံးစွဲခွင့် ရှိလား?

လုပ်ငန်းရှင်အများစု မကြာခဏ မေးလေ့ရှိတဲ့မေးခွန်းတစ်ခုရှိပါတယ်။

အဲ့တာကတော့

“မိမိပေးလိုသော အမှတ်တံဆိပ်အမည်က အခြားလုပ်ငန်းရဲ့ အမှတ်တံဆိပ်အမည်နဲ့ တူညီနေသော်လည်း လုပ်ငန်းကဏ္ဍချင်း မတူညီပါက အသုံးပြု၍ ရနိုင်ပါ သလား?” ဟူသောအချက်ပဲ ဖြစ်ပါတယ်။

ဥပဒေအရ ပြောရမယ်ဆိုရင်တော့

“အသုံးပြုလို့ရနိုင်ခြေ ရှိသော်လည်း Trademark ဥပဒေပါ ပြဋ္ဌာန်းချက်များအရ သေချာစွာ စစ်ဆေးရမည့် အချက်များစွာ ရှိနေပါသေးတယ်”။

📌 Trademark Classification (အမျိုးအစား ခွဲခြားခြင်း) ၏ အခန်းကဏ္ဍ

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်တွင် ကုန်စည်နှင့် ဝန်ဆောင်မှုများကို Nice Classification ဟုခေါ်သော အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစား (၄၅) မျိုးဖြင့် သတ်မှတ်ခွဲခြားပြီး လျှောက်ထားရပါတယ်။

အခြေခံသဘောတရားအရ ဆင်တူသောအမှတ်တံဆိပ်တစ်ခုဟာ အမျိုးအစားတစ်ခု (ဥပမာ – Class 25 အဝတ်အထည်) တွင် မှတ်ပုံတင်ထားတယ်ဆိုရင် သင်က ၎င်းနှင့် မသက်ဆိုင်သော အမျိုးအစား (ဥပမာ – Class 37 ဆောက်လုပ်ရေးလုပ်ငန်း) တွင် အသုံးပြုလိုပါက ဥပဒေကြောင်းအရ ခွင့်ပြုချက်ရရှိ ရနိုင်ခြေ များပါတယ်။ သို့သော် အသုံးပြုခွင့် မရနိုင်တဲ့ ခြွင်းချက်အခြေအနေများ (Exceptions) လဲ ရှိပါတယ်လုပ်ငန်းချင်း မတူညီသော်လည်း အောက်ပါအချက်များနှင့် ငြိစွန်းနေပါက ဥပဒေအရ တားမြစ်ခြင်း ခံရနိုင်ချေရှိပါတယ် –

📍ကျော်ကြားသော အမှတ်တံဆိပ်များ (Well-known Marks)

ဥပမာအားဖြင့် “Apple” သို့မဟုတ် “Samsung” ကဲ့သို့သော Brand များသည် ကမ္ဘာတစ်ဝှမ်း (သို့မဟုတ်) ပြည်တွင်း၌ အလွန်ထင်ရှားကျော်ကြားပြီးဖြစ် သောကြောင့် ၎င်းတို့နှင့် မသက်ဆိုင်သည့် မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို အသုံးပြုခွင့်ကို သာမန်အားဖြင့် ရနိုင်ခြေမရှိပါ။

📍စားသုံးသူကို ဝေခွဲမရဖြစ်စေခြင်း (Likelihood of Confusion)

လုပ်ငန်းအမျိုးအစားချင်း ကွဲပြားသော်လည်း တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိနေလျှင် (ဥပမာ – ကော်ဖီမှုန့် ထုတ်လုပ်ခြင်းနှင့် ကော်ဖီဆိုင် ဖွင့်လှစ်ခြင်း) စားသုံးသူများအနေဖြင့် လုပ်ငန်းတစ်ခုတည်းမှ ထွက်ရှိသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့်အတွက် ခွင့်ပြုလေ့မရှိပါ။

လုပ်ငန်းရှင်များအတွက် ဥပဒေကြောင်းအရ အကြံပြုချက်များ

မိမိ၏ Brand ကို ရေရှည်ခိုင်မာစွာ တည်ဆောက်နိုင်ရန်နှင့် ဥပဒေကြောင်းအရ အငြင်းပွားမှုများ ကင်းဝေးစေရန် အောက်ပါအချက်များကို ဦးစွာ လုပ်ဆောင်သင့်ပါတယ်။

❗️Professional Trademark Search

နာမည်တစ်ခုကို အတည်မပြုမီ မိမိနှင့် သက်ဆိုင်သည့် Class ထဲ တွင်သာမက အခြားဆက်စပ်နေသော Class များတွင်ပါ အမည်တူ/ဆင်တူ ရှိ၊ မရှိ ကျွမ်းကျင်သူများနှင့် စနစ်တကျ စစ်ဆေးပါ။

❕Strategic Registration

အမှတ်တံဆိပ်ကို တရားဝင် မှတ်ပုံတင်ရာတွင် မိမိ လက်ရှိ လုပ်ကိုင်နေသော နယ်ပယ်တွင်သာမက နောင်တွင် တိုးချဲ့လာနိုင်ခြေ ရှိသည့် လုပ်ငန်းနယ်ပယ်များကိုပါ ထည့်သွင်း စဉ်းစား၍ အကာအကွယ်ရယူထားသင့်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆို ရင်တော့ အမှတ်တံဆိပ်တစ်ခုကို အသုံးပြုရာမှာ အမျိုးအစား (Class) မတူရုံမျှဖြင့် စိတ်ချရပြီဟုကောက်ချက်ချ၍ မရနိုင်ပါ။ ထို Brand သည် Well-known Mark ဖြစ်နေသလား၊ သို့မဟုတ် စားသုံးသူကို ထင်ယောင်ထင်မှား ဖြစ်စေနိုင် သလား စတဲ့အချက်များကိုပါ အသေအချာ သုံးသပ်ရန် လိုအပ်ပါတယ်။

Prime IP & Legal Solutions သည် သင့်၏ Brand ကို ဥပဒေနှင့်အညီ စစ်ဆေးပေးခြင်း၊ Nice Classification ရွေးချယ်ပေးခြင်းနှင့် Trademark မှတ်ပုံတင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို အတွေ့အကြုံရင့် ဥပဒေပညာရှင်များမှ အကောင်းဆုံး ဆောင်ရွက်ပေးနေပါတယ်။

Prime IP & Legal Solutions