GI (Geographical Indication) ဆိုတာ —
ကုန်ပစ္စည်းတစ်ခုဟာ ဒေသတစ်ခုနဲ့ reputation, quality, characteristics စသည်ဖြင့် ဆက်စပ်နေတဲ့အခါ အဆိုပါဒေသအမည်နှင့်တွဲဖက်ထားတဲ့ ကုန်ပစ္စည်းကို ဥပဒေအရ ကာကွယ်ပေးတဲ့ Intellectual Property Right မူပိုင်ခွင့်တစ်မျိုးဖြစ်ပါတယ်။
လွယ်လွယ်ပြောရရင် —
“ဒီပစ္စည်းက ဒီဒေသကထွက်လို့ နာမည်ကြီးတာ/ကောင်းတာ” ဆိုတဲ့ reputation ကို ကာကွယ်ပေးတဲ့စနစ်တစ်ခုဖြစ်ပါတယ်။
ဥပမာအားဖြင့် —
Champagne (France)
Darjeeling Tea (India)
Parmesan Cheese (Italy)
ဆိုတဲ့ နာမည်တွေဟာ quality နဲ့ regional reputation ကို ကိုယ်စားပြုနေပါတယ်။
ဒါဆို GI System က ဘယ်ကစတာလဲ?
GI concept ဟာ Europe မှာ အစပြုပြီးဖွံ့ဖြိုးလာခဲ့တာဖြစ်ပါတယ်။
အထူးသဖြင့် France နဲ့ Italy တို့မှာ wine, cheese, agricultural products တွေရဲ့ regional reputation ကို ကာကွယ်ဖို့ စတင်အသုံးပြုခဲ့ကြပါတယ်။
နောက်ပိုင်းမှာ WTO (World Trade Organization) ရဲ့ TRIPS Agreement အောက်မှာ GI protection ကို international intellectual property system အဖြစ် အသိအမှတ်ပြုလာပါတယ်။
မြန်မာနိုင်ငံမှာလည်း Trademark Law ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းထားပြီး GI protection system ကို ထည့်သွင်း အသိအမှတ်ပြုထားပါသည်။
GI Protection ရရှိခြင်းအားဖြင့် —
ဒေသထွက်ကုန်တန်ဖိုးမြင့်တက်စေခြင်း
Fake products များမှ ကာကွယ်ပေးခြင်း
Local producers များ၏ reputation ကို ထိန်းသိမ်းပေးခြင်း
Export market value တိုးမြှင့်ပေးခြင်း
Tourism နှင့် Local Economy ကို အထောက်အကူပြုခြင်း
စတဲ့ အကျိုးကျေးဇူးတွေကို ပြည်သူတွေ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် ဒေသထွက်ကုန်များဖြစ်တဲ့
– ရွှေဘိုပေါ်ဆန်း
– မိုးကုတ်ပတ္တမြား
– ပုသိမ်ထီး
– ဟန်မြင့်မိုရ် စိန်တလုံး
– အရာတော်သနပ်ခါး
စတဲ့ ကုန်ပစ္စည်းထွက်ကုန်/ ထုတ်ကုန်များသည် လည်း GI protection potential အလွန်မြင့်မားပါသည်။
ဒေသဆိုင်ရာ အညွှန်း GI Protection ရရှိခြင်းအားဖြင့် နှစ်ဦး နှစ်ဖက် အကျိုးရှိစေမှာဖြစ်ပါတယ်။ သုံးစွဲ၊ စားသုံးသူဖက်တွင်လည်း ဒေသထွက် ပစ္စည်း အစစ်အမှန်ကို စားသုံးရတဲ့ အတွက် အတုအပ များမှ ကင်းဝေးကာ အရည်အသွေးအစစ်အမှန်ကို ရရှိစေမှာဖြစ်ပြီး အခြားတစ်ဖက်ဖြစ်တဲ့ ထုတ်လုပ်တဲ့သူများ၊ တောင်သူလယ်သမား၊ လက်မှုပညာရှင်များ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ အတွက် လည်း သင့်တင့်တဲ့ ဈေးသတ်မှတ်ချက် တစ်ခု ရရှိတဲ့အတွက် အကျိုးဖြစ်ထွန်းစေတဲ့အပြင် အဆိုပါ ထုတ်လုပ်ရာ ဒေသသို့ လာရောက်လည်ပတ်ကြတဲ့အတွက် ဒေသဖွံ့ဖြိုးရေး အတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
ယခုအခါ မြန်မာနိုင်ငံမှာ ဒေသဆိုင်ရာအညွှန်း Geographical Indication (GI) ကာကွယ်မှုကို ဥပဒေအရ တရားဝင်ဆောင်ရွက်နိုင်တဲ့ registration system ကိုလည်း စတင်ဆောင်ရွက်နိုင်တဲ့ framework ရှိနေပါပြီဖြစ်တဲ့အတွက် များမကြာမီ Products အစစ်အမှန်များကို ပြည်သူများ သံသယကင်းစွာ သုံးစွဲနိုင်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရပါတယ်။
PRIME IP & Legal Solutions
Your Creation is Our Protection